CLL Health ကျန်းမာသုတ
Sciatica (ခါးကြောညှပ်ခြေထောက် ထုံကျဉ်နာကျင်ခြင်း)
ထုံကျဉ်နာကျင်ခြင်း) ခါးကြောညှပ်ခြေထောက် ထုံကျဉ်နာကျင်ခြင်း (Sciatica) သည် ခြေထောက်ပိုင်းဆိုင်ရာ အဓိကအာရုံကြောတစ်ခုဖြစ်သော sciatic nerve အစပြုထွက်ရာ ခါးရိုးဆစ်နေရာ၌ အာရုံကြောများ ရောင်ရမ်းခြင်း၊ ပိမိခြင်း၊ ထိခိုက်မိခြင်းတို့ကြောင့် အာရုံကြောဖြတ်သွားရာ နေရာတစ်လျှောက် နာကျင်ခြင်း၊ ထုံကျဉ်ခြင်း ခံစားရမှု ဖြစ်သည်။
Acute Laryngotracheobronchitis (ALTB) or Croup (ဗိုင်းရပ်စ်ပိုးကြောင့် လေပြွန်မကြီး ရောင်ရမ်းခြင်း)
ကလေးများတွင် အဖြစ်များသော လေပြွန်မကြီး ရောင်ရမ်းခြင်းသည် ဗိုင်းရပ်စ်ပိုးများကြောင့် အဖြစ်များပြီး မပြင်းထန်တတ်သော်လည်း တစ်ခါတစ်ရံအန္တရာယ်ရှိနိုင်သည်။
Human Papilloma Virus Infection (ကြွက်နို့ရောဂါ)
ကြွက်နို့ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွါးပြီး ၎င်းတို့အနက် အချို့သည် သားအိမ်ခေါင်းကင်ဆာကို အဓိကဖြစ်စေနိုင်သော်လည်း ကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ်နိုင်သည်။
Polycystic Ovary Syndrome (PCOS) (သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု)
သားဥအိမ်မှ လစဥ်ပုံမှန်မျိုးဥကြွေခြင်းဖြစ်စဉ်တွင် မျိုးဥ ရင့်မှည့်ကြွေကျခြင်းမျိုးမရှိဘဲ အရည်အိတ်ငယ်များသာ ဖြစ်ပေါ်သည့်အခြေအနေဖြစ်ပြီး တစ်ခါတစ်ရံ နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရတတ်သည်။
TB Abdomen (ဝမ်းဗိုက်တီဘီ)
ဝမ်းဗိုက်တီဘီရောဂါသည် အဆုတ်ပြင်ပတွင်ဖြစ်ပွါးသော တီဘီရောဂါတစ်မျိုးဖြစ်ပြီး ကောင်းမွန်စွာကုသခြင်း မခံယူလျှင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ခံစားရနိုင်သည်။
Erb’s palsy (လည်ပင်းရှိ လက်ပိုင်းဆိုင်ရာ အာရုံကြောအစုအဝေး ထိခိုက်ဒဏ်ရာရခြင်း)
လက်ပိုင်းဆိုင်ရာအာရုံကြောအစုအဝေး (brachial plexus)သည် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်မှုဖြစ်ပေါ်နိုင်ပြီး မွေးကင်းစကလေးများတွင် ဖြစ်ပွါးသော Erb’s palsy သည် အတွေ့ရအများဆုံးဖြစ်သည်။