CLL Health ကျန်းမာသုတ
Childhood Obesity (ကလေးဘဝ အဝလွန်ခြင်း)
ကလေးဘဝ အဝလွန်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သော နာတာရှည်ပြဿနာတစ်ခုဖြစ်ခြင်း၊ ကလေးဘဝတွင်ပင် လူကြီးရောဂါများကို ခံစားရနိုင်ခြင်းတို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံဖြင့် ကိုယ်အလေးချိန် ထိန်းသိမ်းရန် လွန်စွာအရေးကြီးသည်။
Speech delay in children (စကားပြောနောက်ကျသောကလေးများ)
ကလေးများ စကားပြောနောက်ကျရခြင်း အကြောင်းရင်းများတွင် အကြားအာရုံချို့တဲ့ခြင်းမှ ဦးနှောက်အာရုံကြောပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာရောဂါများအထိ ပါဝင်သောကြောင့် ဖြစ်စေသော အကြောင်းရင်းကို စနစ်တကျ ရှာဖွေစစ်ဆေး ကုသသင့်သည်။
Constipation in children (ကလေးများတွင် ဝမ်းချုပ်ခြင်း)
ကလေးများတွင် အိမ်သာတက် လေ့ကျင့်သည့်အချိန်နှင့် အစာအမာများ စတင်ကျွေးချိန်များ၌ ဝမ်းချုပ်ခြင်းကို မကြာခဏ တွေ့ရလေ့ရှိပြီး အချို့မှာ အလွယ်တကူ သက်သာနိုင်သော်လည်း အချို့တွင် အရေးကြီးသော ရောဂါအခံများကြောင့် ဖြစ်နိုင်သည်။
Heart murmurs (နှလုံးမှအသံပိုများ)
မွေးရာပါနှလုံးရောဂါများနှင့် မွေးပြီးနောက်ပိုင်းမှ ဖြစ်လာသည့် နှလုံးရောဂါများကြောင့်သာမက ပုံမှန်နှလုံးမှလည်း အကြောင်းရင်းအမျိုးမျိုးကြောင့် အသံပိုများ ထွက်နိုင်သည်။
Torticollis (ခေါင်းစောင်း၊ လည်ပင်းစောင်းသောကလေး)
လည်ပင်းရှိ ကြွက်သားများတိုခြင်း သို့မဟုတ် တောင့်တင်းခြင်းတို့ကြောင့် ကလေးများ ခေါင်းစောင်း၊ လည်ပင်းစောင်းခြင်း ဖြစ်လေ့ရှိပြီး စနစ်တကျ ကုသမှုခံယူလျှင် သက်သာပျောက်ကင်းနိုင်သည်။
Squint (မျက်စိစွေခြင်း)
ကလေးငယ်များတွင် မျက်စိစွေခြင်းသည် အတွေ့ရများသော လက္ခဏာတစ်ခုဖြစ်ပြီး ကလေး အသက်ကြီးလာချိန်တွင် အလိုအလျောက်ပြန်ကောင်းသွားနိုင်သကဲ့သို့ တစ်ခါတစ်ရံ မျက်စိဆရာဝန်နှင့်ပြသ၍ ကုသမှု ခံယူရနိုင်သည်။