CLL Health ကျန်းမာသုတ
Anxiety disorders (စိုးရိမ်စိတ်လွန်ကဲသည့်ရောဂါများ)
စိုးရိမ်ခြင်း လူသားတိုင်းသည် ဖြစ်ပေါ်ခံစားရတတ်သည့် စိတ်အခြေအနေတစ်ခု ဖြစ်သော်လည်း ထိန်းချုပ်၍မရသည်အထိ အလွန်အမင်းစိုးရိမ်ခြင်းသည် ဘဝနေထိုင်မှုကို များစွာထိခိုက်စေနိုင်သည်။
Delusion (ယုံမှားမှုစွဲမြဲလွန်ကဲခြင်း)
မမှန်ကန်သည့် အခြေအနေအကြောင်းအရာတစ်ခုကို လွန်ကဲစွဲမြဲမှားယွင်းစွာ ယုံကြည်နေသည့် စဥ်းစားတွေးခေါ်မှုနှင့် သက်ဆိုင်သော ရောဂါလက္ခဏာတစ်ခုဖြစ်သည်။
Psychotic disorders (စိတ်ဖောက်ပြန်ရောဂါများ)
နေ့စဥ်လုပ်ငန်းဆောင်တာများ လုပ်ကိုင်နိုင်စွမ်း မရှိသည်အထိ ပြင်းထန်နိုင်သော စိတ်အခြေအနေ ရောဂါများဖြစ်သည်။
Obsessive compulsive disorder – OCD (စိတ်အစွဲအလမ်းလွန်ကဲပြီး ထပ်တလဲလဲပြုမူတတ်သောရောဂါ)
နေ့စဥ် လူနေမှုဘဝနှင့် လုပ်ငန်းဆောင်ရွက်မှုများ ထိခိုက်ခြင်း၊ ဖိစီးမှုများခံစားရခြင်းတို့ ဖြစ်စေနိုင်သည့် စိတ်အစွဲအလမ်းလွန်ကဲမှုနှင့် ထိုစွဲလမ်းမှုကို ဖြေဖျောက်ရန် အပြုအမူတစ်ခုခုကို ထပ်တလဲလဲ ဆောင်ရွက်ခြင်းဖြစ်သည်။
Hallucination (လှုံ့ဆော်မှုမဲ့အာရုံမှား)
ပြင်ပလှုံ့ဆော်မှုမရှိဘဲ အာရုံ (၅)ပါးအနက် တစ်မျိုးမျိုးတွင် အမှန်တကယ်ဖြစ်ပေါ်နေသကဲ့သို့ ခံစားရခြင်းဖြစ်သည်။
Bipolar mood disorder (စိတ်ကြွစိတ်ကျရောဂါ)
စိတ်ကြွသည့်လက္ခဏာများနှင့် စိတ်ကျသည့်လက္ခဏာများ အပြန်ပြန် အလှန်လှန် ရေရှည်ခံစားရတတ်သည့် စိတ်ခံစားချက်ဆိုင်ရာ ရောဂါအမျိုးအစားတစ်ခုဖြစ်သည်။