CLL Health ကျန်းမာသုတ
Induction of labour (IOL) (သားအိမ်ပွင့်အောင် လှုံ့ဆော်ခြင်းဖြင့် ကလေးမွေးဖွားမှု စတင်စေခြင်း)
သဘာဝအတိုင်းမွေးဖွားမည့် ကိုယ်ဝန်ဆောင်မိခင်များတွင် မိခင်နှင့် သန္ဓေသားအတွက် အန္တရာယ်ဖြစ်နိုင်ခြေရှိသောအခြေအနေများ၌ ဆေးဝါးများ၊ ကိရိယာများကို အသုံးပြု၍ သားအိမ်ခေါင်းပွင့်လာစေရန်နှင့် သားအိမ်ညှစ်အားတိုးလာစေရန် လှုံ့ဆော်ပေးသည့်နည်းလမ်းဖြစ်သည်။
Tonsillectomy (အာသီးဖြတ်ထုတ်ခြင်း)
အာသီးဖြတ်ထုတ်ကုသခြင်းကို မကြာခဏအာသီးရောင်သည့် အခြေအနေ သို့မဟုတ် အိပ်နေစဉ် အသက်ရှူခဏရပ်သွားသည့် အခြေအနေစသည့် အကြောင်းရင်းအမျိုးမျိုးကြောင့် ပြုလုပ်ရန်လိုအပ်တတ်ပြီး ကလေးများတွင်လည်း ပြုလုပ်ပေးနိုင်သည်။
Tuberculin skin test (အရေပြား၌ တီဘီစစ်ဆေးခြင်း)
အရေပြား၌ တီဘီစစ်ဆေးခြင်း (TST) သည် ခန္ဓာကိုယ်အတွင်း တီဘီပိုးဝင်ရောက်မှုရှိမရှိ ကနဦးစစ်ဆေးပေးပြီး လက္ခဏာမပြဘဲ တီဘီပိုးရှိသူ (Latent TB) ကို ဖော်ထုတ်နိုင်သည်။
Pelvic Examination (တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်စစ်ဆေးခြင်း)
တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်ခြင်းကို မျိုးဆက်ပွါးကျန်းမာရေးစစ်ဆေးမှုအတွက်သာမက အမျိုးသမီးရောဂါများစစ်ဆေးရာတွင်လည်း အသုံးပြုနိုင်သည်။
Hysterectomy (သားအိမ်ထုတ်ခြင်း)
သားအိမ်ကင်ဆာအပါအဝင် သားအိမ်နှင့်ပတ်သက်သော အခြားရောဂါများအတွက် လိုအပ်ပါက သားအိမ်ကို ခွဲစိတ်ဖယ်ရှားခြင်း ပြုလုပ်ရသည်။
Local Anaesthesia (ထုံဆေးပေးခြင်း)
ခွဲစိတ်မှုနှင့်ကုသမှုများ ခံယူနေစဥ် လူနာတွင် အသိရှိနေသော်လည်း နာကျင်မှုမရှိစေရန် အသုံးပြုသောဆေးများဖြစ်သည်။