CLL Health ကျန်းမာသုတ
Uterine Prolapse (သားအိမ်ကျွံကျခြင်း)
အသက်အရွယ်ကြီးလာခြင်းကြောင့် သားအိမ်ကို ထောက်ပံ့ပေးထားသော တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများနှင့် အရွတ်များအားနည်းရာမှ သားအိမ်ကျွံကျခြင်းဖြစ်သည်။
Endometriosis (သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်း)
ကိုယ်တွင်းအင်္ဂါများ၌ သားအိမ်အတွင်းနံရံတစ်ရှူးများနှင့် ဆင်တူသော တစ်ရှူးများ ဖြစ်ပေါ်လာပါက ရာသီစက်ဝန်းအတိုင်း လစဥ်ရောင်ရမ်းခြင်းနှင့် နာကျင်ကိုက်ခဲခြင်းများ ဖြစ်စေနိုင်သဖြင့် စနစ်တကျ ကုသမှုခံယူရန် လိုအပ်သည်။
Vaginal discharge (မိန်းမကိုယ်မှ အဖြူဆင်းခြင်း)
မိန်းမကိုယ်မှ အဖြူဆင်းခြင်းကို အမျိုးသမီးများ ကြုံတွေ့ရလေ့ရှိပြီး အဖြူဆင်းသော်လည်း ယားခြင်း၊ နာကျင်ခြင်း၊ အနံ့ဆိုးထွက်ခြင်းမရှိလျှင် စိုးရိမ်ရန်မလိုပေ။
Uterine fibroids (သားအိမ်အသားလုံး)
သားအိမ်ကြွက်သားနံရံအတွင်းမှ ဖြစ်ပေါ်လာသည့် ကင်ဆာမဟုတ်သည့် အသားပိုလုံးများဖြစ်သည်။ အရွယ်အစားအမျိုးမျိုးရှိကြပြီး များသောအားဖြင့် လက္ခဏာမပြတတ်ပေ။
Uterine cancer (သားအိမ်ကင်ဆာ)
သွေးဆုံးပြီးသော အမျိုးသမီးများတွင် အဖြစ်များသည့် သားအိမ်ကင်ဆာသည် ရောဂါအစောပိုင်းတွင်ပင် လက္ခဏာပြသည့်အတွက် ရောဂါကို ဆောလျင်စွာ ရှာဖွေတွေ့ရှိ၊ ကုသနိုင်သည်။
Ovarian cyst (သားဥအိမ်ရေအိတ်တည်ခြင်း)
အမျိုးသမီးများတွင် သားဥအိမ်ရေအိတ်တည်ခြင်းသည် အတွေ့ရများသော အခြေအနေတစ်ခုဖြစ်ပြီး များသောအားဖြင့် အန္တရာယ်မရှိတတ်သော်လည်း တစ်ခါတစ်ရံပေါက်ခြင်း၊ သွေးထွက်ခြင်း စသည်တို့ ဖြစ်နိုင်သောကြောင့် ကုသမှုခံယူရန် လိုအပ်တတ်သည်။