CLL Health ကျန်းမာသုတ
Acute Laryngotracheobronchitis (ALTB) or Croup (ဗိုင်းရပ်စ်ပိုးကြောင့် လေပြွန်မကြီး ရောင်ရမ်းခြင်း)
ကလေးများတွင် အဖြစ်များသော လေပြွန်မကြီး ရောင်ရမ်းခြင်းသည် ဗိုင်းရပ်စ်ပိုးများကြောင့် အဖြစ်များပြီး မပြင်းထန်တတ်သော်လည်း တစ်ခါတစ်ရံအန္တရာယ်ရှိနိုင်သည်။
Assisted vaginal delivery (ကိရိယာအကူအညီဖြင့် ကလေးမွေးဖွားခြင်း)
မွေးလမ်းကြောင်းမှတစ်ဆင့် မီးဖွားရာတွင် အကြောင်းအမျိုးမျိုးကြောင့် သဘာဝအတိုင်းမမွေးဖွားနိုင်လျှင် ကိရိယာများအသုံးပြု၍ ကူညီမွေးဖွားပေးရန် လိုအပ်နိုင်သည်။
Autoimmune encephalitis (ကိုယ်ခံအားမူမမှန် အလွန်အကျွံ တုံ့ပြန်မှုကြောင့် ဖြစ်ပွါးသော ဦးနှောက်ရောင်ခြင်းများ)
ကလေးများတွင် ရောဂါပိုးများကြောင့်မဟုတ်ဘဲ မိမိ၏ကိုယ်ခံစွမ်းအားစနစ်ကြောင့် ဖြစ်ပွါးသော ဦးနှောက်ရောင်ခြင်းအမျိုးအစားများသည် ပို၍အတွေ့ရများလာသော ဦးနှောက်အာရုံကြောရောဂါတစ်မျိုးဖြစ်သည်။
Abdominal Pain (ဗိုက်အောင့် ဗိုက်နာခြင်း)
ဗိုက်အောင့် ဗိုက်နာခြင်းသည် အတွေ့ရများသော လက္ခဏာတစ်ခုဖြစ်ပြီး ဖြစ်ပေါ်စေသော အကြောင်းရင်းခံများစွာရှိသည်။
Anthelmintics (သန်ချဆေးများ)
သန်ကောင်တွယ်ခြင်းသည် အဖြစ်များပြီး ကောင်းစွာမကုသပါက နောက်ဆက်တွဲ ပြဿနာများစွာ ဖြစ်စေနိုင်သောကြောင့် သန်ချဆေးများကို စနစ်တကျသောက်သုံးပြီး ပုံမှန်သန်ချရမည်။
Anaphylaxis (ပြင်းထန်သောဓာတ်မတည့်ခြင်း)
ဓာတ်မတည့်ခြင်းကြောင့် အသက်ရှူကျပ်ခြင်း၊ ရှော့ခ်ရခြင်း စသည့် အခြေအနေများ အချိန်တိုအတွင်း ဖြစ်ပေါ်လာပြီး အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်နိုင်သည်။