CLL Health ကျန်းမာသုတ
Bone Density Test (DEXA Scan) (အရိုးသိပ်သည်းဆ တိုင်းတာခြင်း)
အရိုးများ၏ခိုင်မာမှု၊ သတ္တုဓာတ်ဆားများပါဝင်မှုပမာဏကို သိရှိနိုင်ပြီး အရိုးပွရောဂါ၊ အရိုးပါးရောဂါ ဖြစ်နိုင်ခြေများသူများတွင် ပုံမှန်ပြုလုပ်သင့်သည့် စစ်ဆေးမှုတစ်ခုဖြစ်သည်။
Bladder Cancer (ဆီးအိမ်ကင်ဆာ)
နာကျင်မှုမရှိဘဲ ဆီးထဲတွင် သွေးပါလာခြင်းသည် ဆီးအိမ်ကင်ဆာ၏ အရေးကြီးသော လက္ခဏာတစ်ခု ဖြစ်နိုင်သောကြောင့် စောစီးစွာ စစ်ဆေးရှာဖွေကုသမှု ခံယူသင့်သည်။
Blood transfusion (သွေးသွင်းကုသခြင်း)
သွေးသွင်းကုသခြင်းသည် အသက်ကယ်ကုထုံးတစ်ခုဖြစ်သော်လည်း နောက်ဆက်တွဲပြဿနာများ ရှိနိုင်သောကြောင့် မဖြစ်မနေ လိုအပ်ချိန်မှသာ သွေးသွင်းကုသမှုပြုသည်။
Beri beri (ဘယ်ရီဘယ်ရီ)
အချိန်မီမကုသပါက အသက်အန္တရာယ် ဖြစ်သည်အထိ ပြင်းထန်နိုင်သော ဗီတာမင် ဘီဝမ်း ဓါတ်ချို့တဲ့သည့် ရောဂါတစ်ခုဖြစ်သည်။
Bipolar mood disorder (စိတ်ကြွစိတ်ကျရောဂါ)
စိတ်ကြွသည့်လက္ခဏာများနှင့် စိတ်ကျသည့်လက္ခဏာများ အပြန်ပြန် အလှန်လှန် ရေရှည်ခံစားရတတ်သည့် စိတ်ခံစားချက်ဆိုင်ရာ ရောဂါအမျိုးအစားတစ်ခုဖြစ်သည်။
Bronchoscopy (အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း)
အသက်ရှူလမ်းကြောင်းအတွင်းသို့ သေးငယ်သော ကင်မရာတပ်ဆင်ထားသည့် ပြွန်ချောင်းထည့်သွင်း၍ အဆုတ်နှင့် လေပြွန်များအတွင်း စစ်ဆေးခြင်း၊ ကုသခြင်းဖြစ်သည်။