CLL Health ကျန်းမာသုတ
Change in bowel habit (ဝမ်းသွားသည့် အမူအကျင့် ပြောင်းလဲခြင်း)
ဝမ်းသွားသည့် အမူအကျင့် ပြောင်းလဲခြင်းသည် ရောဂါစစ်ဆေးရှာဖွေကုသမှု လိုအပ်ကြောင်း အချက်ပြ သတိပေးမှု တစ်ခု ဖြစ်သည်။
Cervical Spondylosis (လည်ပင်းကျီးပေါင်းရောဂါ)
လည်ပင်းရိုးအဆစ်ပိုင်း တစ်ခုနှင့်တစ်ခုအကြားရှိ ဂျယ်လီအရည်အိတ်များအတွင်း ရေဓာတ်ခန်းခြောက်ပြီး ပြားသွားသဖြင့် အရိုးဆစ်ချင်း နီးကပ်ပွတ်တိုက်ရာမှ အရိုးမှ ကျီးပေါင်းအတက်ထွက်ခြင်းကို ခြုံငုံ၍ခေါ်ခြင်းဖြစ်သည်။
Covid 19 vaccination (ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးခြင်း)
ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးများသည် ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်နိုင်သည့်အပြင် ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုကိုလည်း လျော့ကျစေနိုင်သောကြောင့် အသက်အပိုင်းအခြားအလိုက် ညွှန်ကြားထားသည့်အတိုင်း ထိုးနှံရန် လိုအပ်သည်။
Covid 19 infection (ကိုဗစ် ၁၉ ရောဂါ)
ကိုဗစ် ၁၉ ရောဂါပိုးကြောင့်ဖြစ်သော ကူးစက်မြန်ပြင်းထန် အဆုတ်ရောင်ရောဂါသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်ခဲ့သော ကမ္ဘာကပ်ရောဂါ ဖြစ်သည်။
Chest pain (ရင်ဘတ်အောင့်ခြင်း)
ရင်ဘတ်အောင့်ခြင်းဖြစ်စေသော အကြောင်းရင်းများအနက် နှလုံးရောဂါကြောင့် ဖြစ်ပါက အသက်အန္တရာယ်ရှိသည်အထိ ပြင်းထန်နိုင်သောကြောင့် စောစီးစွာ ဆေးကုသမှုခံယူသင့်သည်။
Childhood Obesity (ကလေးဘဝ အဝလွန်ခြင်း)
ကလေးဘဝ အဝလွန်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သော နာတာရှည်ပြဿနာတစ်ခုဖြစ်ခြင်း၊ ကလေးဘဝတွင်ပင် လူကြီးရောဂါများကို ခံစားရနိုင်ခြင်းတို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံဖြင့် ကိုယ်အလေးချိန် ထိန်းသိမ်းရန် လွန်စွာအရေးကြီးသည်။