CLL Health ကျန်းမာသုတ
Female Infertility (အမျိုးသမီး မျိုးမပွါးနိုင်ခြင်း)
အမျိုးသမီးများ မျိုးမပွါးနိုင်ခြင်းသည် အကြောင်းရင်းများစွာရှိနိုင်ပြီး ရောဂါရှာဖွေရန် ခက်ခဲသော်လည်း ကုသမှုရရှိပါက အများစုတွင် ကလေးပြန်လည်ရရှိသွားနိုင်သည်။
Fatty Liver Disease (အသည်းအဆီဖုံးရောဂါ)
အကြောင်းအမျိုးမျိုးကြောင့် အသည်းအဆီဖုံးခြင်း ဖြစ်ပွါးနိုင်ပြီး သာမန်ရောဂါလက္ခဏာများမှသည် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းများကဲ့သို့ ပြင်းထန်သည့် နောက်ဆက်တွဲရောဂါများ ဖြစ်ပွါးနိုင်သည်။
Fits [တက်ခြင်း (သို့မဟုတ်) အတက်လက္ခဏာ]
တက်ခြင်းသည် ဦးနှောက်၏လျှပ်စီးကြောင်းများ ပုံမမှန်ခြင်း ကြောင့် ဖြစ်ပေါ်ရပြီး အသက်အန္တရာယ်ရှိနိုင်သည်အထိ ပြင်းထန်နိုင်သော အခြေအနေဖြစ်သည်။
Fall in Elderly (သက်ကြီးရွယ်အိုများတွင် လဲကျခြင်း)
အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများတွင် လဲကျခြင်းကြောင့် အရိုးကျိုးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများစွာ ဖြစ်ပေါ် နိုင်သဖြင့် ဖြစ်စေနိုင်သည့် အကြောင်းရင်းများကို ကြိုတင်ကာကွယ်သင့်သည်။
Fractures / broken bones (အရိုးကျိုးခြင်း)
အရိုးကျိုးခြင်းသည် အသက်အရွယ်မရွေး မည်သူမဆိုဖြစ်ပွားနိုင်ပြီး ထိခိုက်ဒဏ်ရာရခြင်းကြောင့် အများဆုံးဖြစ်ပွားလေ့ရှိသည်။
Fever with rash (ကလေးအဖျားနှင့်အနီစက်)
ဖျားခြင်းနှင့် အနီစက်ထွက်ခြင်းသည် ကလေးများတွင် အလွန်အဖြစ်များပြီး အများစုသည် စိုးရိမ်ရသော၊ ပြင်းထန်သော ရောဂါအခြေအနေများ မဟုတ်သော်လည်း အန္တရာယ်ရှိသော လက္ခဏာများကို သိရှိနားလည်ရန် အရေးကြီးသည်။