CLL Health ကျန်းမာသုတ
Health Screening (ကျန်းမာရေး ကြိုတင်စစ်ဆေးခြင်း)
ကျန်းမာရေးကြိုတင်စစ်ဆေးခြင်းဖြင့် ရောဂါများကို စောစီးစွာရှာဖွေကုသနိုင်သကဲ့သို့ ကြိုတင်ကာကွယ်ခြင်းများ ပြုလုပ်နိုင်သောကြောင့် လူတိုင်း သက်တမ်းစေ့ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် များစွာအရေးပါသည်။
Hysterectomy (သားအိမ်ထုတ်ခြင်း)
သားအိမ်ကင်ဆာအပါအဝင် သားအိမ်နှင့်ပတ်သက်သော အခြားရောဂါများအတွက် လိုအပ်ပါက သားအိမ်ကို ခွဲစိတ်ဖယ်ရှားခြင်း ပြုလုပ်ရသည်။
Hypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရောဂါ)
သိုင်းရွိုက်ဂလင်း ကောင်းစွာအလုပ်မလုပ်သဖြင့် သိုင်းရွိုက်ဟော်မုန်း လုံလောက်စွာ မထုတ်လုပ်နိုင်သော အခြေအနေဖြစ်ပြီး သိုင်းရွိုက်ဟော်မုန်း ပြန်လည်အစားထိုးသောက်ခြင်းဖြင့် ကုသပျောက်ကင်းနိုင်သည်။
Hyperthyroidism (သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းရောဂါ)
သိုင်းရွိုက်ဂလင်း ပိုမိုအလုပ်လုပ်သောကြောင့် သိုင်းရွိုက်ဟော်မုန်းပမာဏ အလွန်အကျွံ ထုတ်လုပ်သည့် အခြေအနေဖြစ်ပြီး ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များကို ထိခိုက်နိုင်သဖြင့် အချိန်မီကုသမှုခံယူရန် လိုအပ်သည်။
Heart Failure (နှလုံးလုပ်ငန်းပျက်စီးခြင်း)
နှလုံးသည် သွေးနှင့်အောက်ဆီဂျင်ဓာတ်များကို ခန္ဓာကိုယ်၏လိုအပ်ချက်အတိုင်း လုံလောက်စွာ ညှစ်ထုတ်ပို့ဆောင်ပေးနိုင်ခြင်းမရှိသည့် အခြေအနေဖြစ်သည်။
Headache in children (ကလေးများ ခေါင်းကိုက်ခြင်း)
ခေါင်းကိုက်သောကလေးများ အတွေ့ရများလာပြီး ဖြစ်ပေါ်စေသော အကြောင်းရင်းများစွာအနက် ပြင်းထန်သော ရောဂါများရှိနိုင်သလို ကာကွယ်၍ရနိုင်သော ရောဂါအခြေအနေများလည်း ရှိသောကြောင့် စနစ်တကျ စစ်ဆေးကုသမှု ခံယူသင့်သည်။