CLL Health ကျန်းမာသုတ
Non-communicable diseases (NCD) (မကူးစက်နိုင်သော နာတာရှည်ရောဂါများ)
မကူးစက်နိုင်သော နာတာရှည်ရောဂါများသည် လူတစ်ဦးမှတစ်ဦးသို့ မကူးစက်နိုင်သော်လည်း မျိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာစသည့် အကြောင်းရင်းများစွာ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည့်ရောဂါများဖြစ်သည်။
Norovirus infection (နိုရိုဗိုင်းရပ်စ် အထက်လှန်အောက်လျှောကူးစက်ရောဂါ)
နိုရိုဗိုင်းရပ်စ် အထက်လှန်အောက်လျှောကူးစက်ရောဂါ (Norovirus infection) သည် ကူးစက်မှုနှုန်းအလွန်မြန်ဆန်၍ လူများအစုလိုက်အပြုံလိုက် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွါးခြင်း (outbreak) ကို မကြာခဏဖြစ်စေသော ရောဂါမျိုးဖြစ်သည်။
Nasal drops and sprays (နှာခေါင်းအစက်ချဆေး၊ ဖျန်းဆေးများ)
နှာခေါင်းပိတ်ခြင်းဝေဒနာသည် အလွန်အဖြစ်များပြီး များသောအားဖြင့် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများမရှိသော်လည်း များစွာစိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။
Nasogastric tube (နှာခေါင်းပိုက်)
နှာခေါင်းပိုက်မှတစ်ဆင့် အစားအစာနှင့် ဆေးဝါးများ ထည့်နိုင်သည့်အပြင် အစာအိမ်အတွင်းမှ အဆိပ်အတောက်များကို ဖယ်ရှားနိုင်သောကြောင့် အကျိုးရှိသကဲ့သို့ ကျွမ်းကျင်သူမှ စနစ်တကျ ထည့်ပေးရန်လည်း အရေးကြီးသည်။
Normal vaginal delivery (သဘာဝအတိုင်း ရိုးရိုးမွေးဖွားခြင်း)
ကိုယ်ဝန်ဆောင်မိခင်များအတွက် သဘာဝအတိုင်း မွေးလမ်းကြောင်းမှ မွေးဖွားခြင်းသည် မိခင်ရော ကလေးအတွက်ပါ အကျိုးရှိသည်။
Newborn screening (မွေးကင်းစတွင် အရေးကြီးရောဂါများကို ကြိုတင်စမ်းသပ်ရှာဖွေခြင်း)
နောင်တွင်ဖြစ်လာနိုင်သည့် အရေးကြီးသော၊ ကြိုတင်စောင့်ကြည့်ကုသနိုင်သော ရောဂါများကို မွေးကင်းစမှပင် ကြိုတင်ရှာဖွေခြင်းဖြင့် တစ်ဘ၀လုံးအတွက် ဆိုးရွားသောအကျိုးဆက်များကို ကာကွယ်ပေးနိုင်သည်။