CLL Health ကျန်းမာသုတ
TB Abdomen (ဝမ်းဗိုက်တီဘီ)
ဝမ်းဗိုက်တီဘီရောဂါသည် အဆုတ်ပြင်ပတွင်ဖြစ်ပွါးသော တီဘီရောဂါတစ်မျိုးဖြစ်ပြီး ကောင်းမွန်စွာကုသခြင်း မခံယူလျှင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ခံစားရနိုင်သည်။
Tuberculosis (တီဘီရောဂါ)
တီဘီဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီး အဆုတ်သို့ အဓိကကူးစက်ကာ အခြားကိုယ်တွင်းအင်္ဂါတို့ကိုလည်း ကူးစက်ဝင်ရောက်နိုင်သကဲ့သို့ အချိန်ကြာမြင့်စွာ ကုသရတတ်သည့်ရောဂါဖြစ်သည်။
Type 1 diabetes in children (အမျိုးအစား (၁) ဆီးချို) (ကလေးဆီးချိုရောဂါ)
ကလေးများတွင် ဖြစ်ပွားသော ဆီးချိုရောဂါသည် ခန္ဓာကိုယ်မှ အင်ဆူလင်ဓါတ် လုံလောက်အောင် မထုတ်လုပ်နိုင်ခြင်းကြောင့် အဖြစ်များပြီး ရောဂါကို စောစီးစွာသိရှိခြင်း၊ ထိရောက်သော ကုသမှုများခံယူခြင်းဖြင့် နောက်ဆက်တွဲပြဿနာများနှင့် အရေးပေါ်အခြေအနေများကို ရှောင်ကြဥ်နိုင်မည်ဖြစ်သည်။
Thoracocentesis – pleural aspiration/pleural tap (အဆုတ်အမြှေးပါးအတွင်းမှ အရည်များ စုပ်ထုတ်ခြင်း)
ရောဂါလက္ခဏာများသက်သာစေရန်နှင့် ဖြစ်ပေါ်ရသော အကြောင်းရင်းများကို ရှာဖွေရန် အဆုတ်အမြှေးပါးအတွင်းမှ အရည်များထုတ်ယူခြင်းဖြစ်သည်။
Tonsillitis (အာသီးရောင်ခြင်း)
အသက် (၅) နှစ်မှ (၁၅) နှစ်အရွယ်ကလေးများတွင် အာသီးရောင်ခြင်းအဖြစ်များပြီး ဗိုင်းရပ်စ် (သို့မဟုတ်) ဘက်တီးရီးယားပိုးများကြောင့် အများဆုံးဖြစ်နိုင်သည်။
Tics (အကြောဆွဲ၊ အသံထွက် အပြုအမူ)
ရုတ်တရက်၊ ထပ်တလဲလဲဖြစ်ပေါ်သော ပုံမမှန်လှုပ်ရှားမှုများကို ခေါ်ခြင်းဖြစ်ပြီး ဦးနှောက်ရောဂါကြောင့် ဖြစ်သောအပြုအမူမဟုတ်သော်လည်း တစ်ခါတစ်ရံ နေ့စဉ်လုပ်ငန်းဆောင်တာများကို အနှောင့်အယှက် ပေးနိုင်သည်။