CLL Health ကျန်းမာသုတ
Urinary Incontinence (ဆီးထွက်ကျခြင်း)
ဆီးထွက်ကျခြင်းသည် အသက်ကြီးသူများတွင် အဖြစ်များသော လက္ခဏာတစ်ခုဖြစ်ပြီး ကုသရန်၊ ကာကွယ်ရန် နည်းလမ်းများစွာရှိသည်။
Urinary catheterisation (ဆီးပိုက်ထည့်ခြင်း)
အကြောင်းရင်းတစ်ခုခုကြောင့် ဆီးမသွားနိုင်သော အခြေအနေများတွင် ဆီးပိုက်ထည့် ကုသပေးလေ့ရှိပြီး ကျွမ်းကျင်သူများမှ စနစ်တကျ ထည့်သွင်းပေးရန်၊ ကောင်းမွန်စွာ ထိန်းသိမ်းအသုံးပြုရန် အလွန်အရေးကြီးသည်။
Uterine Prolapse (သားအိမ်ကျွံကျခြင်း)
အသက်အရွယ်ကြီးလာခြင်းကြောင့် သားအိမ်ကို ထောက်ပံ့ပေးထားသော တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများနှင့် အရွတ်များအားနည်းရာမှ သားအိမ်ကျွံကျခြင်းဖြစ်သည်။
Urticaria (အင်ပြင်ထွက်ခြင်း)
ဓာတ်မတည့်ခြင်းကြောင့် အရေပြားပေါ်တွင် ရုတ်တရက် အနီရောင် အဖုအကွက်များထွက်ပြီး ယားယံစေသည့် တစ်ခါတစ်ရံ ပြင်းထန်နိုင်သော အခြေအနေဖြစ်သည်။
Ultrasound (အာထရာဆောင်း)
အာထရာဆောင်းသည် အသံလှိုင်းကို အသုံးပြု၍ စစ်ဆေးသည့် အလွန်အသုံးဝင်၍ အသုံးများသော စမ်းသပ်စစ်ဆေးမှုတစ်ခုဖြစ်သည်။
Urinary tract infection in adult (ဆီးလမ်းကြောင်းပိုးဝင်ခြင်း) (လူကြီး)
အသက်အရွယ်မရွေး ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်နိုင်ပြီး လက္ခဏာများမှာ မသိသာတတ်သောကြောင့် ကုသမှုများနောက်ကျတတ်သည်။