CLL Health ကျန်းမာသုတ
Varicella Vaccine (ရေကျောက်ကာကွယ်ဆေး)
ရေကျောက်ကာကွယ်ဆေးထိုးခြင်းဖြင့် ကလေးငယ်များတွင် အဖြစ်များ၍ ပြင်းထန်နိုင်သော ရေကျောက်ရောဂါကို ကာကွယ်နိုင်သည်။
Viral Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ)
အသည်းရောင်အသားဝါ အေ ရောဂါသည် မသန့်ရှင်းသည့် သောက်သုံးရေနှင့် အစားအသောက်များမှတစ်ဆင့် HAV ဗိုင်းရပ်ပိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်ပွါးပြီး အသည်းရောင်ရမ်း၍ အသည်းလုပ်ငန်းစွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သောကူးစက်ရောဂါဖြစ်သည်။
Viral Hepatitis C (အသည်းရောင်အသားဝါ စီ ရောဂါ)
အသည်းရောင်အသားဝါ စီ ရောဂါသည် ကူးစက်ခံရပြီးနောက် လက္ခဏာပြလေ့မရှိသော်လည်း နာတာရှည် အသည်းရောဂါအထိ ဖြစ်စေနိုင်သဖြင့် စောစီးစွာ စစ်ဆေး၍ ကုသမှုခံယူသင့်သည်။
Viral Hepatitis B (အသည်းရောင်အသားဝါ ဘီ ရောဂါ)
အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်ပိုးသည် သွေးနှင့်ခန္ဓာကိုယ်မှ ထွက်သောအရည်များမှတစ်ဆင့် ကူးစက်ခံရခြင်းဖြစ်ပြီး နောက်ဆက်တွဲ နာတာရှည်အသည်းရောဂါနှင့် အသည်းကင်ဆာရောဂါအထိ ဖြစ်စေနိုင်သဖြင့် မွေးစအရွယ်ကတည်းကပင် အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေးကို စနစ်တကျ အချိန်မှန်ထိုးနှံ၍ ကာကွယ်သင့်သည်။
Vomiting (အန်ခြင်း)
အန်ခြင်းသည် အဖြစ်များသော လက္ခဏာတစ်ခုဖြစ်ပြီး အန္တရာယ်ရှိသောရောဂါများကြောင့်လည်း အန်နိုင်သဖြင့် မပေါ့ဆဘဲ စနစ်တကျ စစ်ဆေးကုသမှု ခံယူသင့်သည်။
Vaginal discharge (မိန်းမကိုယ်မှ အဖြူဆင်းခြင်း)
မိန်းမကိုယ်မှ အဖြူဆင်းခြင်းကို အမျိုးသမီးများ ကြုံတွေ့ရလေ့ရှိပြီး အဖြူဆင်းသော်လည်း ယားခြင်း၊ နာကျင်ခြင်း၊ အနံ့ဆိုးထွက်ခြင်းမရှိလျှင် စိုးရိမ်ရန်မလိုပေ။