Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Pterygium (မျက်သားတက်ခြင်း)

Pterygium (မျက်သားတက်ခြင်း)

မျက်သားတက်ခြင်းဆိုသည်မှာ မျက်လုံးအဖြူသားပေါ်ရှိ Conjunctiva ဟုခေါ်သော အလွှာပါးပိုထူလာပြီး တြိဂံပုံစံအဖတ်ဖြစ်လာခြင်းကို ‌ခေါ်သည်။ နှာခေါင်းဖက်ခြမ်း၊ မျက်လုံးအတွင်းထောင့်မှနေ၍ မျက်ဆံအမည်းထိ တြိဂံပုံအဖတ် မျက်သားတက်ခြင်း (Nasal Pterygium)ကို အများဆုံးတွေ့ရပြီး နားထင်ဖက်ခြမ်း၊ မျက်လုံးအတွင်းထောင့်မှ မျက်သားတက်ခြင်း (Temporal Pterygium) ကိုလည်း တွေ့နိုင်သည်။

Pterygium Image 1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အောက်ပါအခြေအနေများကြောင့် မျက်သားတက်ခြင်းဖြစ်နိုင်သည်။

  • နေ‌ရောင်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်နှင့် ကြာရှည်စွာထိတွေ့ခြင်း (Chronic exposure to the sun’s UV light)
  • ဖုန်ထူသောလေတိုက်ခြင်း
  • ပူပြင်းခြောက်သွေ့သော ရာသီဥတုအခြေအနေ

အထက်ပါ အခြေအနေများနှင့် ထိတွေ့နေထိုင်လုပ်ကိုင်ရသူများ၊ အသက် (၄၀) ကျော်သူများနှင့် အမျိုးသားများတွင် မျက်သားတက်ခြင်း ပို၍အဖြစ်များသည်။

ရောဂါလက္ခဏာများ

အများအားဖြင့် မည်သို့သောလက္ခဏာများမှ ခံစားရခြင်းမရှိပါ။ သို့သော် အောက်ပါလက္ခဏာများ ဖြစ်‌ပေါ် ခံစားရနိုင်သည်။

  • မျက်စိစပ်ခြင်း
  • မျက်ရည်ကျခြင်း
  • မျက်စိအောင့်ခြင်း၊ ယားခြင်း
  • မျက်စိခိုးလိုးခုလုဖြစ်ခြင်း
  • မျက်သားခြောက်ခြင်း
  • မျက်စိပူခြင်း
  • မျက်စိနီခြင်း စသည်တို့ ဖြစ်သည်။

မျက်သားသည် မျက်ဆံအမည်းပေါ်သို့ ဖုံးလာလျှင် မျက်ကြည်လွှာအခုံးအခွက် မညီမှုဖြစ်လာပြီး ဆလင်ဒါပါဝါပေါ်လာခြင်း၊ အမြင်ဝါးခြင်းများ ဖြစ်နိုင်သည်။

နောက်ဆက်တွဲပြဿနာများ

  • မျက်သားတက်ခြင်းသည် မစိုးရိမ်ရပါ၊ မျက်သားတက်ခြင်းကြောင့် မျက်စိမကွယ်နိုင်ပါ
  • မျက်သားတက်ခြင်းသည် မျက်ဆံအမည်းပေါ်သို့ဖုံးလာလျှင် အမြင်ဝါးနိုင်သည်
  • မျက်သားတက်ခြင်းကြောင့် မျက်ကြည်လွှာ‌ပေါ်တွင် အဖြူရောင်အမာရွတ်ကျန်ခဲ့ပါက အမြင်မှုန်ခြင်း ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

မျက်စိစစ်ဆေးမှုခံယူခြင်း

ပူပြင်းခြောက်သွေ့သောရာသီဥတုနှင့် ဖုန်ထူလေတိုက်သောဒေသများတွင် နေထိုင်သူများ၊ နေ‌ရောင်ခြည်နှင့် ကြာရှည်စွာထိတွေ့လုပ်ကိုင်ရသူများသည် မိမိတွင် မျက်သားတက်ခြင်း ဖြစ်ပေါ်နေသည်ဟု သံသယရှိပါက သက်ဆိုင်ရာမျက်စိအထူးကုဆရာဝန်များနှင့် ပြသ၍ လိုအပ်သောကုသမှု ခံယူသင့်သည်။

မျက်သားတက်ခြင်းရှိသူများသည် မျက်သားဖုံးလွှမ်းပြီး အမြင်အာရုံထိခိုက်မှုမှ ကာကွယ်ရန် မျက်စိအထူးကုဆရာဝန်နှင့် တစ်နှစ်တစ်ခါ ပုံမှန်ပြသစစ်ဆေးရသည်။ အကယ်၍ မျက်သားတက်သည့်ဧရိယာ လျင်မြန်စွာ ကြီးထွားလာလျှင်၊ ရောဂါလက္ခဏာတစ်ခုခု ခံစားရလျှင် မျက်စိဆရာဝန်နှင့် အမြန်ပြသစစ်ဆေးရမည်။

ရောဂါရှာဖွေခြင်း

တြိဂံပုံ မျက်သားဖတ်သည် မျက်ဆံအမည်းဘေးတွင် ရှိနေခြင်းကို သာမန်မျက်စိဖြင့် တွေ့နိုင်သည်။ ပိုမိုသေချာစေရန် ကျွမ်းကျင်သော မျက်စိအထူးကုဆရာဝန်နှင့် စမ်းသပ်စစ်ဆေးနိုင်သည်။

ကုသခြင်း

ဆေးဖြင့်ကုသခြင်း

  • မျက်သားတက်ခြင်းသည် မည်သည့်လက္ခဏာမှ မခံစားရပါက ဆေးကုသရန်မလိုပါ
  • တစ်ခါတစ်ရံ မျက်စိစပ်ခြင်း၊ မျက်စိအောင့်ခြင်းနှင့် မျက်စိခိုးလိုးခုလုဖြစ်ပါက မျက်ရည်တုမျက်စဥ်း (Artificial Tear) ခပ်ခြင်းဖြင့် သက်သာနိုင်သည်
  • မျက်စိနီပြီး မျက်သားရောင်လာလျှင် ဆရာဝန်ညွှန်ကြားသည့် သင့်တော်သောမျက်စဥ်းကို ခပ်ခြင်းဖြင့် သက်သာနိုင်သည်

ခွဲစိတ်ကုသခြင်း

အောက်ပါအခြေအနေများတွင် မျက်သားတက်ခြင်းကို ခွဲစိတ်ကုသရန်လိုသည်။

  • မျက်သားအလွန်ထူပြီး မျက်ဆံအမည်းပေါ်သို့ ဖုံးအုပ်လာခြင်းကြောင့် အမြင်ဝါးလာခြင်း
  • မျက်စိနီခြင်း၊ အောင့်ခြင်း၊ ခိုးလိုးခုလုဖြစ်ခြင်းများ မကြာခဏခံစားရခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာခြင်း
  • အလှအပအတွက် ဖယ်ရှားလိုခြင်း

မျက်သားတက်ခြင်းသည် ခွဲစိတ်ကုသပြီးပါက ပြန်ဖြစ်နိုင်ခြေ လွန်စွာနည်းသည်။

ခွဲစိတ်ကုသနည်းများ

  • ထူနေသောမျက်သားများကို ဖယ်ရှားခြင်း (simple excision)
  • ထူနေသောမျက်သားကိုဖယ်ရှားပြီး ကောင်းမွန်သောမျက်သားလွှာဖြင့် အစားထိုးခြင်း (Pterygium excision and autograft) သို့မဟုတ် သန္ဓေသားမှရသည့် ရေမြွှာအမြှေးဖြင့်အစားထိုးခြင်း (Amniotic membrane graft) – ဤနည်းဖြင့်ခွဲစိတ်ကုသပြီးပါက မျက်သားတက်ခြင်း ပြန်ဖြစ်နိုင်ခြေ လွန်စွာနည်းပါးသည်
  • တစ်ခါတစ်ရံ မျက်သားပြန်မတက်နိုင်စေရန် မိုင်တိုမိုင်စင်ဆေး (Mitomycin) ကို ခွဲစိတ်ခြင်းနှင့် တွဲသုံးနိုင်သည်။

ခွဲစိတ်ကုသခြင်းကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများ

  • အပေါ်ယံ မျက်သားအလွှာပါး သွေးယိုခြင်း (Subconjunctival hemorrhage)
  • အစားထိုးမျက်သားအလွှာပါး ရောင်ရမ်းခြင်း (Graft oedema)
  • အစားထိုးမျက်သားလွှာ ပြုတ်ထွက်ခြင်း (Graft loss)
  • မျက်ကြည်လွှာ အနာရွတ် ဖြစ်ခြင်း
  • မျက်နက်ဆံနှင့် မျက်ဖြူသားအစပ်ရှိ မျက်ကြည်လွှာပါးခြင်း (Cornea sclera dallen)
  • မျက်သားပြန်တက်ခြင်း
ကာကွယ်ခြင်း
  • နေပူသောနေရာ၊ ဖုန်ထူ လေတိုက်သောနေရာများသို့ သွားရသောအခါ ခရမ်းလွန်ရောင်ခြည်ကို ကောင်းစွာကာကွယ်နိုင်သော နေကာမျက်မှန်တပ်ခြင်း၊ ထီး၊ ဦးထုပ် အမြဲဆောင်းခြင်းတို့ဖြင့် မျက်သားတက်ခြင်း၊ ဖြစ်ပေါ်နေသောမျက်သား ပိုကြီးမလာစေရန် ကာကွယ်နိုင်သည်
  • မျက်သားတက်နေသော လူနာများသည် မျက်စိဆရာဝန်နှင့် တစ်နှစ်တစ်ခါ ပြသစစ်ဆေးသင့်သည်
  • သို့မှသာ နောက်ဆက်တွဲပြဿနာဖြစ်သော အမြင်အာရုံထိခိုက်မှု မရှိအောင်ကုသမှုကို ကြိုတင်ရယူနိုင်မည်ဖြစ်သည်။

References:

  1. Pterygium (Surfer’s Eye). (2024). Cleveland Clinic. Retrieved November 5, 2024, from https://my.clevelandclinic.org/health/diseases/22497-pterygium-surfers-eye
  2. What Is a Pinguecula and a Pterygium (Surfer’s Eye)? (2024). American Academy of Ophthalmology. Retrieved November 5, 2024, from https://www.aao.org/eye-health/diseases/pinguecula-pterygium
  3. Hirst, L., Bunya, V. Y., Woodward, M. A., Nallasamy, N., Bernfeld, E., Gurnani, B., Caldwell, M., Chen, M., & Kaufman, A. R. (2024). Pterygium. EyeWiki. Retrieved November 5, 2024, from https://eyewiki.org/Pterygium
  4. National Library of Medicine. (2022). Pterygium. MedlinePlus. U.S. National Library of Medicine. Retrieved November 5, 2024, from https://medlineplus.gov/ency/article/001011.htm

Share

Category

26 November 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.