Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Botox (ဘိုတောက်စ် ထိုးခြင်း)

Botox (ဘိုတောက်စ် ထိုးခြင်း)

ဘိုတောက်စ်ဆိုသည်မှာ ဘက်တီးရီးယားပိုးတစ်မျိုးမှရသော အဆိပ်ဓာတုပစ္စည်း (botulinum toxin) ဖြင့် ထုတ်လုပ်သည့် လူသိများသော ဆေးအမည်တစ်ခုဖြစ်သည်။ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေသည့်အဆိပ်နှင့် ဖွဲ့စည်းပုံဆင်တူသော်လည်း ဓာတ်ခွဲခန်းများတွင် စနစ်တကျထုတ်လုပ်ထားသောကြောင့် သတ်မှတ်ထားသော ပမာဏအတိုင်း အသုံးပြုလျှင် လူကိုဘေးအန္တရာယ် မဖြစ်စေနိုင်ပေ။ ဘိုတောက်စ်ကို အလှအပရေးရာနှင့် ကြွက်သားရောဂါအချို့ကုသရာတွင် ထိုးဆေးအနေနှင့် အသုံးပြုသည်။

ဘိုတောက်စ်၏ အလုပ်လုပ်ပုံ

ဘိုတောက်စ်သည် လူ့ခန္ဓာကိုယ်ရှိ အာရုံကြောများမှထွက်သော အာရုံကြောလှုံ့ဆော်သည့် ဓာတုပစ္စည်းများကို ကြွက်သားများသို့ မရောက်ရှိအောင် တားမြစ်သည်။ ထိုအခါ ကြွက်သားများကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ ကြွက်သားနှင့် သက်ဆိုင်ရာနေရာများကို ပျော့ပြောင်းသွားစေခြင်းကို ဖြစ်စေသည်။

ပြုလုပ်ရန် လိုအပ်သော ရောဂါနှင့် အခြေအနေများ

အသုံးပြုသည့် ရောဂါအခြေအနေအပေါ် မူတည်၍ ဘိုတောက်စ်အမျိုးအစားများ ကွဲပြားနိုင်သည်။ အသက်ကြီးခြင်း၏ လက္ခဏာတစ်ခုဖြစ်သော မျက်နှာမှအရေးအကြောင်းများကို ပျောက်ကင်းအောင်ထိုးခြင်းသည် အထင်ရှားဆုံးနှင့် အသုံးအများဆုံးဖြစ်သည်။ မျက်နှာမှ ကြွက်သားများ ပျော့ပြောင်းကာ အရေတွန့်ခြင်းများ ပျောက်ကင်းစေသဖြင့် အရေပြားတင်းဆေးဟု လူသိများသည်။

  • နဖူး
  • မျက်ခုံး
  • မျက်လုံးထောင့် (မျက်လုံးထောင့်အရေးအကြောင်းများ-crow’s feet)
  • နှုတ်ခမ်း
  • မေးစေ့နှင့် မေးရိုး
  • လည်ပင်း စသည့်နေရာများတွင် ထိုးနှံကြသည်။
Botox IMG1

ဘိုတောက်စ်ထိုးဆေးကို အခြား ကြွက်သားဆိုင်ရာ ရောဂါလက္ခဏာများ အချိန်ကာလတစ်ခု သက်သာရန်အတွက် အသုံးပြုကြသော်လည်း ရောဂါလုံးဝပျောက်ကင်းအောင် မပြုလုပ်နိုင်ပါ။ ၎င်းတို့မှာ_

  • လည်ပင်းစောင်းခြင်း (cervical dystonia)
  • ကြွက်သားများအလွန် တောင့်တင်းသော ရောဂါအခြေအနေများ [ဥပမာ_ စီပီရောဂါ (cerebral palsy)၊ လေဖြတ်ခြင်း နှင့် အခြားအာရုံကြောရောဂါအခြေအနေများ]
  • မျက်စိစွေစောင်းခြင်း
  • ချွေးထွက်လွန်ခြင်း (hyperhidrosis)
  • ခေါင်းတခြမ်းကိုက်ခြင်း
  • ဆီးအိမ်ပြဿနာကြောင့် ဆီးမထိန်းနိုင်ခြင်း
  • ကြွက်သားများညှစ်ခြင်းကြောင့် နာကျင်ခြင်းများတွင် အသုံးပြုနိုင်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ

ဘိုတောက်စ်မထိုးမီတွင်

  • သွေးထွက်လွယ်သော ရောဂါများရှိခြင်း
  • ကြွက်သားပျော့စေသော အာရုံကြောရောဂါများရှိခြင်း
  • သွေးထွက်စေနိုင်သော ‌ဆေးဝါးသောက်သုံးနေခြင်း (ဥပမာ_သွေးကျဲဆေး၊ သွေးမခဲဆေးများ၊ အချို့သောအကိုက်အခဲပျောက်‌ဆေးများ)
  • လွန်ခဲ့သော (၄)လအတွင်း ဘိုတောက်စ်ထိုးဆေး ထိုးထားခြင်း စသည့်အချက်များကို သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရမည်။

အရက်သောက်သုံးခြင်းသည် အရေပြားရောင်ရမ်းခြင်း၊ သွေးခြည်ဥခြင်းများ ပိုမိုဆိုးရွားစေနိုင်သောကြောင့် ဘိုတောက်စ်မထိုးမီ အနည်းဆုံး (၂၄)နာရီကြာအောင် ရှောင်ကြဉ်ရမည်။ ကိုယ်ဝန်ရှိသူ၊ မိခင်နို့တိုက်ကျွေးနေသူများတွင် ဘိုတောက်စ်ထိုးခြင်းကို ခွင့်ပြုလေ့မရှိပါ။

ကုသပုံအဆင့်ဆင့်

ဘိုတောက်စ်ထိုးဆေးသည် ဆရာဝန်ညွှန်ကြားချက်အရ သုံးစွဲရသောဆေးဖြစ်သည်။ စနစ်တကျ လေ့ကျင့်သင်ယူထားသူများမှသာ ထိုးနှံပေးရမည်။ ဆရာဝန်မှ အလွန်သေးငယ်သော ဆေးထိုးအပ်ဖြင့် သတ်မှတ်ထားသော ဆေးပမာဏကို လိုအပ်သောနေရာ (အရေပြား၊ ကြွက်သား)အတွင်းသို့ ထိုးသွင်းပေးသည်။ ‌ထိုးနှံရသော အကြောင်းရင်းကိုမူတည်၍ နေရာအနှံ့အပြားတွင် ထိုးနှံမှုအများအပြား လိုအပ်နိုင်သည်။

ဆေးထိုးခံရသူအများစုသည် ပြင်းထန်သောနာကျင်မှု ခံစားရလေ့မရှိပါ။ အနည်းငယ်စူးခြင်း၊ မအီမသာ ဖြစ်ခြင်းသာ ခံစားရနိုင်သည်။ ပုံမှန်ဆေးထိုးသည့် ခံစားမှုမျိုးပင်ဖြစ်သည်။ နာကျင်မှု သက်သာစေလိုလျှင် အရေပြားကို ထုံဆေးလိမ်းခြင်း၊ ဖျန်းခြင်း၊ ရေခဲကပ်ခြင်း၊ နှိပ်နယ်ပေးခြင်း စသည်တို့ ပြုလုပ်ပေးနိုင်သည်။

ဘိုတောက်စ်ထိုးရန်အတွက် ဆေးရုံတက်ရန်မလို‌‌အပ်ပါ။

နောက်ဆက်တွဲဆိုးကျိုးများ

ဘိုတောက်စ်ဆေးနှင့် ဓာတ်မတည့်မှုဖြစ်ခြင်းမှာ အလွန်ရှားပါးသည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ခြင်းလည်း နည်းပါးသည်။ သို့သော် အခြားနေရာများသို့ ဆေးပျံ့နှံ့သွားလျှင် အသက်အန္တရာယ်ဖြစ်သည်အထိ ပြင်းထန်နိုင်သည်။ တစ်ခါတစ်ရံ ဆေးထိုးပြီး ရက်သတ္တပတ် အနည်းငယ်ကြာပြီးမှ နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားခြင်းကို တွေ့ရနိုင်သည်။

အများအားဖြင့် ဆေးထိုးသောနေရာကိုမူတည်၍ မပြင်းထန်သော ဘေးထွက်ဆိုးကျိုးများကို တွေ့ရှိရသည်။ ရက်အနည်းငယ်အတွင်းတွင် သက်သာသွားလေ့ရှိသည်။ ၎င်းတို့မှာ

  • ဆေးထိုးသည့်နေရာတွင် သွေးခြည်ဥခြင်း၊ ဖောင်းခြင်း၊ နာကျင်ခြင်း
  • ဆေးထိုးသည့်နေရာ၌ ပိုးဝင်ခြင်း
  • ခေါင်းကိုက်ခြင်း၊ တုပ်ကွေးဖျားသကဲ့သို့ ခံစားရခြင်း
  • မျက်ခွံတွဲကျခြင်း
  • ပါး၊ ပါးစပ်ရွဲ့ခြင်း
  • မျက်ရည်အလွန်ကျခြင်း (သို့မဟုတ်) မျက်စိခြောက်ခြင်းများ ဖြစ်နိုင်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ

ဘိုတောက်စ်ဆေးထိုးပြီး အောက်ဖော်ပြပါ လက္ခဏာများရှိလျှင် သက်ဆိုင်ရာဆရာဝန်နှင့် အမြန်ပြန်လည်ပြသရမည်။

  • ကြွက်သားများအလွန်ပျော့ခြင်း
  • အမြင်အာရုံထိခိုက်ခြင်း
  • မူလအတိုင်း စကားမပြောနိုင်ခြင်း၊ မျိုချရခက်ခြင်း
  • မူလအတိုင်း လမ်းမလျှောက်နိုင်ခြင်း၊ မလှုပ်ရှားနိုင်ခြင်း
  • အသက်ရှူခက်ခြင်း
  • ဆီးမထိန်းနိုင်ခြင်း
  • ဓါတ်မတည့်မှုဖြစ်သည်ဟု သံသယရှိခြင်း စသည်တို့ဖြစ်သည်။

ဆေးထိုးပြီး လိုက်နာရန်

ဆေးထိုးပြီး အနည်းဆုံး (၁၂)နာရီကြာမျှ အဆိုပါ‌ဆေးထိုးထားသောနေရာကို ပွတ်ခြေခြင်းမပြုရပါ။ အနည်းဆုံး (၃)နာရီ မှ (၄)နာရီကြာအောင် လှဲအိပ်ခြင်းမပြုရပါ။ ပြင်းထန်သောလှုပ်ရှားမှုများကို အနည်းဆုံး (၂၄)နာရီ ရှောင်ကြဉ်ရမည်။ ထိုးထားသောဆေးများ အခြားနေရာများသို့ပျံ့နှံ့ခြင်းကို ကာကွယ်ရန်ဖြစ်သည်။ ထိုသို့ဖြစ်လျှင် ပြင်းထန်သော‌ ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သည်။

နေပူဆာလှုံခြင်း၊ ရေနွေး‌ငွေ့ဖြင့် ချွေးထုတ်ခြင်းများသည် အရေပြားရောင်ရမ်းစေခြင်း၊ အနာကျက် နှေးစေခြင်းကို ဖြစ်စေသောကြောင့် အနည်းဆုံး (၄၈)နာရီ ရှောင်ကြဉ်ရမည်။

ဘိုတောက်စ်ဆေးထိုးပြီးနောက် ဆေးအာနိသင်ပြရန် အနည်းဆုံး (၂)ရက် မှ (၃)ရက် စောင့်ဆိုင်းရမည်။ ဆေးထိုးပြီး အချိန် (၂)ပတ် မှ (၃)ပတ်ကြာမှ အာနိသင်အပြည့်အဝ ရနိုင်မည်။

အကြမ်းအားဖြင့် တစ်ကြိမ်ထိုးပြီးလျှင် ဆေးအာနိသင်သည် (၃)လ မှ (၆)လအထိ ခံနိုင်သည်။ ထို့ကြောင့် လိုအပ်သောရလဒ်ကို ထိန်းသိမ်းထားနိုင်ရေးအတွက် ဆေးပုံမှန်ထိုးရန်လိုအပ်သည်။ ကြွက်သားများ တောင့်တင်းသောရောဂါများအတွက် ဆေးထိုးပြီးလျှင် လေ့ကျင့်ခန်းပညာရှင်များနှင့် လေ့ကျင့်ခန်းဆက်လက်လုပ်ရန် လိုအပ်သည်။

References:

  1. Botox injections – Mayo Clinic. (n.d.). Retrieved June 29, 2024, from https://www.mayoclinic.org/tests-procedures/botox/about/pac-20384658#:~:text=Botox%20injections%20are%20shots%20that%20use%20a%20toxin%20to%20prevent#:~:text=Botox%20injections%20are%20shots%20that%20use%20a%20toxin%20to%20prevent
  2. King, L. M., PhD. Botox. WebMD. Retrieved June 29, 2024, from https://www.webmd.com/beauty/cosmetic-procedures-botox
  3. Professional, C. C. M. (2022). Botox (Botulinum Toxin). Cleveland Clinic. Retrieved June 29, 2024, from
  4. https://my.clevelandclinic.org/health/treatments/8312-botulinum-toxin-injections

Published Date: 30 August 2024

Share

30 August 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.