အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး၊ အစားအစာနှင့် အာဟာရ ပညာပါရဂူ ဆရာမ ဒေါက်တာခင်မာချို၏ Food For Health ကျန်းမာရေးဆွေးနွေးပွဲ

CLL HEALTH မှ အများပြည်သူတို့အတွက် အာဟာရဆိုင်ရာ အသိပညာများ ပိုမိုကြွယ်ဝစေလိုသော ရည်ရွယ်ချက်ဖြင့် ဦးဆောင်ကျင်းပသော “Food for Health” ကျန်းမာရေးဆွေးနွေးပွဲသို့ ကြွရောက်ပါရန်ဖိတ်ကြားလိုပါတယ်။ CLL Health ရဲ့ Senior Technical Advisor အာဟာရပညာရှင် ဆရာမကြီး ဒေါက်တာခင်မာချို မှ အစားအသောက်များကို အာဟာရပြည့်ဝပြီး မှန်ကန်စွာရွေးချယ်စားသောက်တတ်ဖို့နဲ့ နာတာရှည်ရောဂါကင်းဝေးပြီး ကျန်းမာသွက်လက်သောခန္ဓာကိုယ်ပိုင်ဆိုင်ကာ စိတ်ရောကိုယ်ပါကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့…

Jun 16, 2024
3:23 PM

Share

decor bg

CLL HEALTH မှ အများပြည်သူတို့အတွက် အာဟာရဆိုင်ရာ အသိပညာများ

ပိုမိုကြွယ်ဝစေလိုသော ရည်ရွယ်ချက်ဖြင့် ဦးဆောင်ကျင်းပသော “Food for Health” ကျန်းမာရေးဆွေးနွေးပွဲသို့ ကြွရောက်ပါရန်ဖိတ်ကြားလိုပါတယ်။

CLL Health ရဲ့ Senior Technical Advisor အာဟာရပညာရှင် ဆရာမကြီး ဒေါက်တာခင်မာချို မှ အစားအသောက်များကို အာဟာရပြည့်ဝပြီး မှန်ကန်စွာရွေးချယ်စားသောက်တတ်ဖို့နဲ့ နာတာရှည်ရောဂါကင်းဝေးပြီး ကျန်းမာသွက်လက်သောခန္ဓာကိုယ်ပိုင်ဆိုင်ကာ စိတ်ရောကိုယ်ပါကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို အားလုံးနဲ့မျှဝေဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

အာဟာရပညာရှင် ဆရာမ ဒေါက်တာခင်မာချို ဟာ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ Cornell တက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး၊ အစားအစာနှင့် အာဟာရ ပညာပါရဂူ တစ်ဦးဖြစ်ပြီး အဆိုပါနယ်ပယ်များမှာ စာတွေ့ လက်တွေ့ အတွေ့အကြုံ (၂၅ )နှစ်ကျော်ရှိထားသူလည်းဖြစ်ပါတယ်။

(၂၀၁၀) ခုနှစ်မှ စတင်ပြီး သင်ကြားရေး နဲ့ သုတေသနလုပ်ငန်းစဉ်များကို အစိုးရ၊ ပုဂ္ဂလိက၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်းများစွာမှာ အကြံပေးခြင်း၊ သင်ကြားခြင်း နှင့် သုတေနသန လုပ်ငန်းများမှာ စဉ်ဆက်မပျက် လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။

ဒါ့အပြင် (၂၀၁၀) ခုနှစ်မှာပဲ ဒေါက််တာခင်မာချို ဖောင်ဒေးရှင်းကို တည်ထောင်ပြီး သူမရဲ့ မွေးရပ်မြေဖြစ်တဲ့ဧရာဝတီတိုင်း ဟင်္ဿတ မြို့နယ်မှာရှိတဲ့ ကျေးရွာအသီးသီးက ကျောင်း (၁၀)ကျောင်းမှ ထူးချွန်ကျောင်းသားများကိုလည်း ပညာသင်ဆု ထောက်ပံ့ပေးခဲ့ပါတယ်။ ယခုဆိုရင် (၁၀)နှစ်တာကာလအတွင်းမှာ ပညာသင်ဆုပေါင်း ၅၀၀ ကျော်ကို ပေးအပ်ထောက်ပံ့နိုင်ခဲ့ပြီဖြစ်ပါတယ်။ (၂၀၁၄) ခုနှစ်မှာလည်း ၎င်းကျေးရွာကျောင်းများမှာ စာကြည့်တိုက် (၁၀) ခုကို ဖွင့်လှစ်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

စိုက်ပျိုးရေး၊ အစားအစာနှင့်အာဟာရဆိုင်ရာ ပညာရပ်ပိုင်းမှာ အင်မတန်မှ ကျွမ်းကျင်ပိုင်နိုင်ပြီး ပြည်သူ့ပညာပေးလုပ်ငန်းများကို အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၂၄ နှစ်ဦးပိုင်းမှစတင်ပြီး CLL Health ရဲ့ အာဟာရပိုင်းဆိုင်ရာလုပ်ငန်းစဉ်တွေမှာ Senior Technical Advisor တစ်ဦးအဖြစ် ဆောင်ရွက်ပေးနေသူလည်းဖြစ်ပါတယ်။

Share

See also
CLL Health World Family Doctor Day 2024 Public event
May 18, 2024
Community Engagement

ကမ္ဘာ့မိသားစုဆရာဝန်နေ့ (World Family Doctor Day) အထိမ်းအမှတ် ပွဲကျင်းပ

CLL HEALTH မှ ဦးဆောင်ကျင်းပသည့်ကမ္ဘာ့မိသားစုဆရာဝန်နေ့ အထိမ်းအမှတ်ပွဲ...