ကမ္ဘာ့မိသားစုဆရာဝန်နေ့ (World Family Doctor Day) အထိမ်းအမှတ် ပွဲကျင်းပ

CLL HEALTH မှ ဦးဆောင်ကျင်းပသည့်ကမ္ဘာ့မိသားစုဆရာဝန်နေ့ အထိမ်းအမှတ်ပွဲ ဗီဒီယိုမှတ်တမ်းကို အမှတ်တရမျှဝေလိုက်ပါသည်။ လူတိုင်း “Healthy Eating and Active Living” (ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရတန်ဖိုးမျှတသည့် အစားအစာများကို မှီဝဲစားသုံးပြီး ကျန်းမာသန်စွမ်းသော စိတ်နှင့် ခန္ဓာရရှိစေရေး) ရည်ရွယ်ချက်ဖြင့် အာဟာရပညာရှင် ဆရာမ Dr. ခင်မာချိုမှ အာဟာရဆိုင်ရာသိမှတ်ဖွယ်ရာများကိုမျှဝေခဲ့ပါသည်။ ထို့နောက် မိသားစုဆရာဝန် Dr….

May 18, 2024
5:00 PM
1 Min Read

Share

CLL Health World Family Doctor Day 2024 Public event
decor bg

CLL HEALTH မှ ဦးဆောင်ကျင်းပသည့်ကမ္ဘာ့မိသားစုဆရာဝန်နေ့ အထိမ်းအမှတ်ပွဲ ဗီဒီယိုမှတ်တမ်းကို အမှတ်တရမျှဝေလိုက်ပါသည်။

လူတိုင်း “Healthy Eating and Active Living” (ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရတန်ဖိုးမျှတသည့် အစားအစာများကို မှီဝဲစားသုံးပြီး ကျန်းမာသန်စွမ်းသော စိတ်နှင့် ခန္ဓာရရှိစေရေး) ရည်ရွယ်ချက်ဖြင့် အာဟာရပညာရှင် ဆရာမ Dr. ခင်မာချိုမှ အာဟာရဆိုင်ရာသိမှတ်ဖွယ်ရာများကိုမျှဝေခဲ့ပါသည်။

ထို့နောက် မိသားစုဆရာဝန် Dr. အောင်ပြည်စိုးမှလည်း မိသားစုကျန်းမာရေး၏ အရေးကြီးကဏ္ဍများအကြောင်းကို ဆက်လက်မျှဝေခဲ့ပါသည်။

ထို့အပြင် Zumba Instructor ဆရာမ Yoo Li နှင့် အတူ Zumba အက ပျော်ပျော်ပါးပါးကခုန်ကြပြီး ယနေ့ပွဲလေးမှာပါဝင်ခဲ့ကြသည့်ဧည့်သည်တော်အပေါင်းကို ကျေးဇူးအထူးတင်ရှိပါသည်။

CLL HEALTH မှ အများပြည်သူတို့၏ စိတ် နှင့် ခန္ဓာကိုယ်ကျန်းမာသန်စွမ်းရေးအတွက် တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ရန် အစဥ်အမြဲကြိုးစားလျက်ရှိပါသည်။

နောက်စီစဉ်ကျင်းပမည့် အသိပညာမျှဝေမှုတွေမှာလည်း စောင့်မျှော်ပါဝင်အားပေးကြဖို့ အားလုံးကိုဖိတ်ခေါ်လိုက်ရပါသည်။

Share