Bahosi Fertility Centre ၏ သားငယ် သမီးငယ် (၅၀၀) ပြည့် အထိမ်းအမှတ် အဖြစ် BFC မိသားစုများ စုဝေးတွေ့ဆုံသော ပျော်ပွဲရွှင်ပွဲကို ရန်ကုန်မြို့၊ အမှတ် (၁၁)၊ ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ် လမ်းထောင့်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ Wyndham Grand ဟိုတယ်တွင် ၁၄.၁၂.၂၀၁၉ ရက်နေ့၊ နေ့လည်ပိုင်းတွင် စည်ကား သိုက်မြှိက်စွာ ကျင်းပခဲ့ပါသည်။
ယင်းပွဲသို့ဖိတ်ကြားသော ဧည့်သည်တော်များ BFC မိသားစုဝင် သားငယ် သမီးငယ်များ နှင့် မိသားစုများ ပျော်ရွှင်စွာစုဝေး ခဲ့ကြပါသည်။
BFC သည် ၂၀၀၆ ခုနှစ်မှစတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော ဖန်ပြွန်သန္ဓေသားဌာနအဖြစ် မှတ်တိုင်စိုက်ထူနိုင်ခဲ့ပါသည်။
၂၀၀၇ ခုနှစ်၊ ဇန်နဝါရီ (၃)ရက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဖန်ပြွန်သန္ဓေကို ကိုယ်ဝန်ဆောင်စေ ခဲ့ပါသည်။
၂၀၀၇ ခုနှစ်၊ သြဂုတ်လတွင် BFC ၏ ပထမဆုံးဖန်ပြွန်သန္ဓေ သမီးငယ်ကိုမွေးဖွားခဲ့ပါသည်။
၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလတွင် BFC ၏ ပထမဆုံးဖန်ပြွန်သန္ဓေ သားငယ်ကိုမွေးဖွားခဲ့ပါသည်။
၂၀၀၈ ခုနှစ်၊ ဇူလိုင်လတွင် ICSI ( Intracytoplasmic Sperm Injection) နည်းဖြင့် BFC ၏ ပထမဆုံး ICSI Baby မွေးဖွားခဲ့ပါသည်။
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလတွင် FET ( Frozen Embryo Transfer)နည်းဖြင့် BFC ၏ ပထမဆုံး FET Baby မွေးဖွားခဲ့ပါသည်။
၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလတွင် TESE (Testicular Sperm Extraction) နည်းဖြင့် BFC ၏ ပထမဆုံး TESE Baby မွေးဖွားခဲ့ပါသည်။
၂၀၁၀ ခုနှစ်၊ မေလတွင် Blastocyst Transfer နည်းဖြင့် BFC ၏ ပထမဆုံး Blastocyst Transfer Baby မွေးဖွားခဲ့ပါသည်။
ယခုဆိုလျှင် ၂၀၀၆မှ ၂၀၁၉ အထိ (၁၃) နှစ်တာကာလအတွင်း IUI/ IVF နည်း များ ဖြငိ့သားငယ်/သမီးငယ် (၅၀၀) ကျော်အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
Share